WELCOME

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Friday, April 6, 2012

တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ်နိုင်မည့် ကွန်း ရေအားလျှပ်စစ်စီမံကိန်း မေလတွင်ဖွင့်မည်

Thank You Visited My Blog.
 
တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ် နိုင်မည့် ကွန်းရေအားလျှပ် စစ်စီမံကိန်းကို မေလအတွင်း ဖွင့်လှစ်နိုင် မည်ဟု သတင်း ရရှိသည်။ အဆိုပါ စီမံကိန်းသည် ဖြူးမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ တွင် အရှည်ဆုံးရေသွယ်ဥမင်လိုဏ်၊ အမြင့်ဆုံး ရေထိန်းမျှော်စင်ဖြစ်ကြောင်း ၊ ရေသွယ်ဥမင်လိုဏ်အရှည်မှာ ၅၇၅၇ ပေဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၂ဝ စီထုတ် လုပ်နိုင်သော စက်သုံး လုံးဖြင့် ပုံမှန်လည်ပတ်ပါက မဂ္ဂါဝပ် ၆ဝ ထုတ် လုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို ၂ဝဝဝ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အမှတ် (၃) တည်ဆောက်ရေးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းပြီး စီးခဲ့ပြီဖြစ်၍ လျှပ်စစ်ဓာတ်အားပြည့်ပြည့် ဝဝရရှိတော့မည် ဟု ဒေသခံပြည်သူ များ မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။

 Popular Myanmar News Journal

Saturday, March 17, 2012

လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး

Thank You Visited My Blog.

ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။
(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။ ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။

ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်

Thank You Visited My Blog.
2011-11-11
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
Photo: AFP)
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေတဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ် သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။ အဲဒီ ဆယ်ကျော်သက်ရွယ် မြန်မာကလေး ၂ ဦးဟာ တရုတ် မြန်မာ နယ်စပ်မှာ ကျင်းပတဲ့ အလုပ်သမား ရှာဖွေရေးပွဲ တစ်ခုမှာ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။ စက်ရုံကို စရောက်တာနဲ့ သူတို့ နိုင်ငံကူး လက်မှတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်ပြီး ထွက်မပြေးအောင် အစောင့်တွေ ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုံကို တံခါးပိတ်ထားပြီး လုပ်ခလည်း လုံးဝ မပေးဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်ဆီမှာ လုပ်အားခ တောင်းဆိုတိုင်း အရိုက်ခံကြရတယ်လို့ မြန်မာကလေးတွေက ပြောပါတယ်။ အဲဒီ မြန်မာ ကလေး နှစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ တရုတ်ရဲတွေက စက်ရုံကို ၀င်ရောက် စီးနင်း ရှာဖွေရာမှာ နောက်ထပ် မြန်မာ ကလေး ၅ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒီမြန်မာကလေးတွေ အလုပ်လုပ်ရတဲ့ နေရာဟာ ရွှံ့တွေဗွက်တွေနဲ့ ၀က်ခြံတစ်ခုလို ညစ်ပတ် ပေရေနေတယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။ စက်ရုံ ပိုင်ရှင်ကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီး ၇၀ နီးပါး ထိုင်းရဲက ကယ်တင်

Thank You Visited My Blog.
2011-11-14
ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
ကယ်တင်လိုက်တဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ ဖြစ်ကြောင်းနဲ့ သူတို့အားလုံးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီး အားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက နှစ်လ သုံးလလောက် ကြာနိုင်တယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးတွေထဲက တချို့ဟာ ပြည့်တန်ဆာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို တရားမ၀င် ရောက်လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ တရားဝင်အလုပ် လုပ်ရမယ်ဆိုပြီးမှ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူတွေလို့ ဆိုပါတယ်။ သူတို့ထဲမှာ ပြည့်တန်ဆာအဖြစ် အတင်းခိုင်းစေခံရတာ ဘယ်နှယောက်ရှိတယ်ဆိုတာ စုံစမ်း စစ်ဆေးနေပြီး ဘယ်သူခိုင်းစေခဲ့တယ်ဆိုတာ ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့လက Khon ဆိုတဲ့ ၁၆ နှစ်ရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦး လူကုန်ကူးခံရတာကို စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့က DSI ကို မေတ္တာရပ်ခံခဲ့ရာက ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီအမျိုးသမီးငယ်က သူ့ကို လူကုန်ကူးဂိုဏ်းတခုက Chanthaburi ခရိုင် အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ဖို့ သိမ်းသွင်းခေါ်ဆောင်သွားကြောင်း၊ အဲဒီအနှိပ်ခန်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံနေရတာ ၂ လ ရှိပြီဖြစ်ကြောင်း၊ အခကြေးငွေ တစ်ပြားမှ မရတဲ့အကြောင်း အဒေါ်ဖြစ်သူကို ဆက်သွယ်ပြောဆိုခဲ့ရာက အဒေါ်ဖြစ်သူက အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမျိုးသမီးငယ်ကို ရှာဖို့အတွက် DSI အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat ကိုယ်တိုင် အနှိပ်ခန်းကို ဧည့်သည်ဟန်ဆောင် သွားရောက် စုံစမ်းခဲ့ပြီးမှ ခရိုင်တရားရုံးက ရှာဖွေဝရမ်းနဲ့ ၀င်ရောက်စီးနင်းခဲ့ရာက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတွေကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်

Thank You Visited My Blog.

၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။
စာမျက်နာ 1 မှ 4: 12 3 4 Next Last