သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။
Showing posts with label ဗဟုသုတ. Show all posts

Tuesday, October 25, 2011
သူယောင်မယ်သီး
သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။
Spam အကြောင်း သိကောင်းစရာ (၂)
Spam ပို့လွှတ်သူအများစုဟာ Hoax e-mail အသုံးပြုပြီး e-mail လိပ်စာ အများအပြားကို ရယူကြပါတယ်။ တစ်ခါတစ်ရံတွင်
ထူးဆန်းသော Message များဖန်တီးပေးပို့ကြပြီး ဆက်လက်၍ ဖြန့်ဝေရန် နှိုးဆော်စာများ ပါရှိပါတယ်။
လူအချို့ကတော့ ထိုစာသား Message များကို ယုံကြည်ကြပြီး အခြားသူများထံသို့ ဆက်လက်ပေးပို့တာကြောင့်
အချိန်တိုအတွင်း Spam များ အများအပြား ပြန့်ပွားကုန်ကြပါတယ်။ ထို့အတွက် Spam ပေးပို့သူများဟာ e-mail လိပ်စာ
အများအပြားရရှိစေဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
တကယ်တော့ Spam ပေးပို့မှုဟာ တရားမ၀င်လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထို Spam များ မိမိ e-mail ထဲသို့
မရောက်ရှိအောင် ကာကွယ်ဖို့ကတော့ အတော်လေးခဲယဉ်းပါတယ်။ ထို့ပြင် Spam ပေးပို့သူများ သိရှိနိုင်ရန်နှင့်
ဖမ်းဆီးနိုင်ရန်ကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ထို Spam များရန်မှ ကာကွယ်သင့်ပါသလဲ။
(၁) မိမိ e-mail အတွင်း Spam များ မရောက်ရှိအောင် Spam Filter ကို အသုံးပြုသင့်ပါတယ်။ G-mail, Yahoo, Hotmail
များတွင် ထို Filter ဟာ Default ပါဝင်ပါတယ်။ ထို Filter ဟာ Spam များအား
အလိုအလျောက် Spam Folder အတွင်းသို့ ရွှေ့ပြောင်းကာ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချို့ Spam များကို
ထိရောက်စွာ မကာကွယ်ပေးနိုင်ပါဘူး။
(၂) ဖိုရမ်များ၊ Chatroom များတွင် သင်၏ e-mail address ကို အသုံးမပြုသင့်ပါဘူး။ ထို Site များတွင် အခြား e-mail
လိပ်စာကိုသာ အသုံးပြုသင့်ပါတယ်။
(၃) Website များတွင် e-mail လိပ်စာတောင်းယူပါက e-mailaddress@yoursite.come-mailaddress@yoursite.com ဟု မရေးသားဘဲ
e-mailaddress[at]yoursite.com ဟုရေးသားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထို့အပြင် မိမိ e-mail လိပ်စာအတွင်းသို့
Spam-mail များ ၀င်ရောက်လာပါက ဆက်လက်၍ မပေးပို့ဘဲ ဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။
အထက်ပါအချက်များအား လိုက်နာအသုံးပြုခြင်းအားဖြင့် Spam များ ၀င်ရောက်လာခြင်းကို အတော်အသင့်
ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
source:ICT Reader
Spam အကြောင်း သိကောင်းစရာ (၁)
အင်တာနက်အသုံးပြုသူ လူတိုင်းလိုလိုဟာ နေ့စဉ်နှင့်အမျှ စိတ်ပျက်ဖွယ်ကောင်းသော Spam Mail များ
ဝင်ရောက်လာမှုကို ကြုံတွေ့ခဲ့ရပါတယ်။ သင့်အနေဖြင့် E-Mail Account တစ်ခုကို ရယူသုံးစွဲလိုက်သည်နှင့်တစ်
ပြိုင်နက် မကြာမီရက်ပိုင်းအတွင်း Spam များ ၀င်ရောက်လာတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ထို Spam များဟာ
မည်သည့်နေရာမှ ၀င်ရောက်လာပါသလဲ။ ဘာကြောင့် ထို Spam များ ၀င်ရောက်လာကြပါသလဲ။
Spam ဆိုတာဟာ Electronic Messaging System စနစ်အရ အသံလွှင့်မီဒီယာများ၊ Website များ၊
Electronic စက်ရုံ၊ အလုပ်ရုံများမှ ကြော်ငြာပေးပို့ခြင်းဖြစ်ပါတယ်။ ထို Spam များဟာ ကုမ္ပဏီ၏ စေခိုင်းချက်အရ
Spammer (Spam ပို့လွှတ်သူများ) မှ ပို့လွှတ်ခြင်းဖြစ်ကြောင်း တစ်ကြိမ်တည်းဖြင့် E-Mail လိပ်စာထောင်ကျော်ကို
ပို့လွှတ်နိုင်ကြောင်း သိရှိရပါတယ်။ ထို Spam ပို့လွှတ်သူများဟာ Manually အနေဖြင့် ပို့လွှတ်ကြပြီး တစ်ခါတစ်ရံ
မှာတော့ အလိုအလျောက် Spam ပေးပို့နိုင်သော Spambot ကို အသုံးပြုလေ့ရှိကြပါတယ်။
Spam ပို့လွှတ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ၎င်းတို့၏ ကြော်ငြာ (သို့မဟုတ်) Message များအား လူအများ
မှတ်မိသိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဥပမာအနေဖြင့် လူတစ်ယောက်ဟာ အင်တာနက်ပေါ်မှတစ်ဆင့်
E-book စာအုပ်များ ရောင်းဝယ်လုပ်ကိုင်ရာ၌ ကြော်ငြာအသုံးပြုမယ့်အစား Spam များပေးပို့လုပ်ဆောင်ခဲ့ပါတယ်။
Spam ပေးပို့သူများအနေဖြင့်လည်း စာအုပ်တစ်အုပ်ဝယ်ယူတိုင်း ၁၀ဒေါ်လာခန့်ရရှိပြီး E-Mail တစ်သောင်းဆီသို့
ကြော်ငြာပို့လွှတ်ပါက ဒေါ်လာတစ်သိန်းခန့်ရရှိမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Spam ပေးပို့သူများဟာ E-Mail လိပ်စာ
များနိုင်သမျှများအောင် ပို့လွှတ်ကြပါတယ်။
ကျွန်ုပ်တို့နေ့စဉ် အသုံးပြုနေသော အင်တာနက်ပေါ်ရှိ Website အချို့ဟာ e-mail ID များအား စုဆောင်းရယူ
ထားကြပြီး Spam ပို့လွှတ်သူများထံသို့ ထို e-mail လိပ်စာများအား ပြန်လည်ရောင်းချကြပါတယ်။
ထိုအတွက်ကြောင့် မိမိ၏ e-mail လိပ်စာဟာ Spam ပို့လွှတ်သူများထံသို့ရောက်ရှိပြီး Spam ပို့လွှတ်မှုကို
ခံကြရပါတယ်။ ထို Spam Webiste များထဲတွင် သတင်းအဖွဲ့အစည်းများ၊ ဖိုရမ်များ၊ အင်တာနက် Chatroom များ
အများစုပါဝင်ကြကြောင်း သိရှိရပါတယ်။
Sunday, October 23, 2011
လူတော်များရဲ့ အမူအကျင့် ..
လူတော်လူမော်တွေအမြဲတစေလက်ကိုင် ထားတတ်တဲ.အမူအကျင်.(၁၀)မျိုး
၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။
၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။
၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။
၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။
၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့ အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။
၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။
၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက မြစ်ဖျားခံတာပဲ။
၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။
၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။
၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။
ourmandalay.net မှကူးယူဖေါ်ပြပါသည်..။

ဆောင်ရန် ၊ ရှောင်ရန်....
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ.....။
-----------------------------------------------------------------------
၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား...။